ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ

နှစ်လမ်း တစ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ပြခန်းမှ ဖွံ့ဖြိုး မြန်မာစွမ်းအား ရင်းနှီးမြှုပ်နှံမှု နှင့် တိုးတက်ရေး ကုမ္ပဏီလီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းဟန်မြင့်က “ဒီပြပွဲမှာ ရခိုင်မှာလုပ်မယ့် စီမံကိန်း ၄ ခုကို ပြသထားမှာပါ။ ရခိုင်ပြည်နယ်မှာလုပ်မယ့် စီမံကိန်းတွေဖြစ်တဲ့ စစ်တွေ- သံတွဲ- ကျောက်ဖြူ-မကွေး ရထားလမ်းဖောက်ဖို့၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူနဲ့ မူဆယ်မြို့ အသွားအပြန် နှစ်လမ်းသွား ရထားလမ်း၊ ကျောက်ဖြူ- နမ့်ခမ်း ၈ လမ်းသွား၊ ဒီလမ်းတွေပြီးတာနဲ့ ရခိုင်ပြည်နယ်က အများကြီး တိုးတက်ဖွံ့ဖြိုးလာမယ်။ ရခိုင်တင်မဟုတ်ပါဘူး။ နိုင်ငံက သုံးလေးဆ လောက် တိုးတက်ဖွံ့ ဖြိုးလာမှာပါ။ ရင်းနှီးမြှုပ်နှံမှုအပိုင်းအားလုံးကို ကုမ္ပဏီက စိုက်ထုတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။လုပ်ငန်းဆောင်ရွက်နိုင်အောင် လည်း ကြိုးစားနေပါတယ်ဟု” ပြောသည်။

Posted in News.