ဖွံ့ဖြိုး မြန်မာ စွမ်းအား
ဆောက်လုပ်ရေး နှင့် သတ္တုတူးဖော်ရေး အုပ်စု ကုမ္ပဏီ လီမိတက်
ဆောက်လုပ်ရေး နှင့် သတ္တုတူးဖော်ရေး အုပ်စု ကုမ္ပဏီ လီမိတက်သည် မြန်မာတိုင်းရင်းသားများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ မှတ်ပုံတင်အမှတ် (102532503) ဖြင့် ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်သည့် အကြီးစား ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သော ရွှေသတ္တု တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပြီး ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပါမည်။
Executive Management
U Sai Han Myint
Managing Director
Daw Nan Aye Ye
Director
U Kyaw Thein
Director
U Thet Myo Htway
General Manager
Company Profile
Company Name in English | PHWINT PHYO MYANMAR POWER CONSTRUCTION & MINING COMPANY LIMITED |
Company Name in Myanmar | ဖွံ့ဖြိုး မြန်မာ စွမ်းအား ဆောက်လုပ်ရေး နှင့် သတ္တုတူးဖော်ရေး အုပ်စု ကုမ္ပဏီ လီမိတက် |
Registration Number | 102532503 |
Registration Date | 18/05/2011 |
Company Type | Private Company Limited by Shares |
Organization of Issued | Directorate of Investment and Company Administration, Myanmar |
Managing Director | U Sai Han Myint |
Office Address | No. 4/20 – 4/21, Yarza Htarni Road, Aung Tharyar Quarter, Pobba Thiri Township, Nay Pyi Daw. |
ရည်ရွယ်ချက်များ
ယခုအခါတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အဓိကကျသော စီးပွားရေးမိတ်ဖက် အိမ်နီးချင်းနိုင်ငံ ဖြစ်သည်နှင့်အညီ တရုတ်ပြည်သူသမ္မတနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် (ONE BELT ONE ROAD) စီမံကိန်း၏ တစ်စိတ်တစ်ဒေသအား ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီမှုအချို့ရရှိပြီးဖြစ်ပါသည်။
အဆိုပါ သဘောတူညီချက်များအပေါ် အခြေခံ၍ မိမိတို့ကုမ္ပဏီအနေဖြင့်လည်း နိုင်ငံတော်၏ ဖွံ့ဖြိုးရေး ဆောင်ရွက်မှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အောက်ပါစီမံကိန်း အစီအစဉ်များကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုကိုခံယူ၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် ဆန္ဒရှိပါသည်။
(၁) ကျောက်ဖြူ – နမ့်ခမ်း နိုင်ငံတကာအဆင့်မီ (၈)လမ်းသွား အမြန်ဟိုင်းဝေးလမ်းမကြီး
(၂) ကျောက်ဖြူ – မူဆယ် နိုင်ငံတကာအဆင့်မီ အမြန်ရထားလမ်းမကြီး
(၃) ကျောက်ဖြူနှင့် ရခိုင်ပြည်နယ်အတွင်း ရေနက်ဆိပ်ကမ်းများ
(၄) ပုဏ္ဏ္ဏားကျွန်း စက်မှုဇုန်
(၅) စစ်တွေ – ပုဏ္ဏ္ဏားကျွန်း ကားလမ်း စသည်တို့ဖြစ်ပါသည်။
VISION
- ရခိုင်ပြည်နယ်ကိုအခြေခံပြီး မြန်မာပြည်တစ်ဝှမ်းလုံးဖွံ့ဖြိုး တိုးတက်စေရန်ရည်
- အလုပ်လက်မဲ့ပြသနာ လျော့ပါးစေရေးနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာစေရန်
- အိမ်နီးချင်း အင်အားကြီးနိုင်ငံများနှင့် စီးပွားရေးစင်္ကြံ တည်ဆောက်နိုင်ရန်
- ဒေသတွင်း လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နည်းပညာမြင့်မားလာစေရန်
MISSION
- မိမိတို့ကုမ္ပဏီအနေဖြင့် ပြည်ပရင်းနှီးမြုပ်နှံမှုနှင့် ပညာရှင်များဖိတ်ခေါ်ပြီး နိုင်ငံတော်မှပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်။
- ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်ရရှိရေး၊ နည်းပညာတိုးတက်ရေးနှင့် လူနေမှုဘဝတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်မည်။
- သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များမပျက်စီးစေရန်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မဆုံးရှုံးစေရန် လိုအပ်သောအစီအမံများကို သက်ဆိုင်ရာပညာရှင်များနှင့် ပူးပေါင်းထိန်းသိမ်းဆောင်ရွက်မည်။
- နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အဓိက ဦးစားပေးဆောင်ရွက်သွားမည်။
GOAL
- စီမံကိန်းကာလကို (၈) နှစ်အတွင်းပြီးစီးအောင်ဆောင်ရွက်မည်။
- အလုပ်သမားဦးရေ ( ၅သိန်း ) ခန့်အလုပ်အကိုင် ရှာဖွေပေးနိုင်မည်ဖြစ်သည်။
- နိုင်ငံစီးပွားရေး၏ ( ၅% ) ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
- နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကိုတည်ဆောက်နိုင်မည်။
Organization Chart
